တာချီလိတ် ဒီဇင်ဘာ၁၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၂ ) ရက်နေ့လည် (၁၁) နာရီခွဲတွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော တာချီလိတ်မြို့နှင့် မယ်လိတ်ပါကော်ကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်မှု ဗီဒီယိုစိစစ်အကဲဖြတ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(မြို့၊ ကျေးရွာ)အား ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(မြို့၊ ကျေးရွာ)အား ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးကျော်စွာမျိုး နှင့်တာဝန်ရှိသူများက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(ကျေးရွာ) အကောင်အထည်ဖော်ဆောင်ရွက်နေ့သည့် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်ကျေးရွာ၏ ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ထားသည့် အခြေခံစံနှုန်း ၁၀ ခု၊ အညွှန်းကိန်း ၆၆ ခုတို့ဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် ဗီဒီယိုမှတ်တမ်းနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့အကောင်အထည်ဖော်ဆောင်ရွက်နေ့သည့် တာချီလိတ်မြို့၏ ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ထားသည့် အခြေခံစံနှုန်း ၁၀ ခု၊ အညွှန်းကိန်း ၇၆ ခုတို့ဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် ဗီဒီယိုမှတ်တမ်းတို့အားပြသခဲ့ခြင်း၊ ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက် မှ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့် ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့များနှင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(မြို့၊ ကျေးရွာ)အား ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ လိုအပ်သည်များ ဆွေးနွေးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
