ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၁၆ ရက် နံနက် (၉)နာရီက အဆိုပါကျောင်းရှိ ဘက်စုံသုံးရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင် ၊ ဟိုပုံးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေ၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးလေးလွင်နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးတက်စိုးတို့က ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် “ဧကာဒဿမတန်း”မှ ကျောင်းသား/သူများက “ပညာရေးစုံညီပွဲတော်ဆီ” သီချင်းဖြင့် ဖျော်ဖြေပြီးနောက် ဟိုပုံးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးလေးလွင်နှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌ ဦးတက်စိုးတို့က အမှာစကား ပြောကြားကြပြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade အသီးသီးတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေကြပြီး ကပြဖျော်ဖြေ တင်ဆက်ပေးသည့် အကအဖွဲ့ များအား တာဝန်ရှိသူများတို့က ဆုများ ပေးအပ်ကြသည်။
ယင်းနောက် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှကျောင်းအုပ်ကြီးနှင့်ဇနီး ၊ ဟိုပုံးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နှင့်ဇနီး၊ ဒေသအဆင့်/မြို့နယ်အဆင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/မများတို့က ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ၊ ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများအားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရရှိသော ကျောင်းသား/သူများနှင့် ကျောင်းတက်မှန်ဆုရရှိသော ဆရာမများ အားလည်းကောင်း ၊ အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများအားလည်းကောင်း၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ၊(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် ကဗျာပြိုင်ပွဲ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အထိမ်းအမှတ်စာစီစာကုံး ပြိုင်ပွဲ ၊ ပညာတန်ဆောင် စာပေပြိုင်ပွဲ မူလတန်းအထက်ဆင့် ရုပ်ပြစာစီစာကုံးပြိုင်ပွဲ၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ အမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ စသည့်စာပေ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအားလည်းကောင်း၊ ပြည်နယ်အဆင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် မီတာ (၁၀၀)၊ မီတာ(၄၀၀)၊ မီတာ (၈၀၀) အပြေးပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား/သူများအားလည်းကောင်း၊ Grade အသီးသီးတို့တွင် ဆုရှိသော ကျောင်းသား/သူများအားလည်းကောင်း အသီးသီးဆုများ ပေးအပ် ချီးမြှင့် ကြသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဇနီး ၊ ဟိုပုံးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နှင့်ဇနီး၊ ဒေသအဆင့်/မြို့နယ်အဆင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိ သူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက် ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး