တန့်ယန်း ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ဒုတိယပတ်အား မော်တော်ယာဉ်ရုံးရှေ့ စုရပ်မှစတင်ကာ ပြည်သူ့ အားကစားကွင်းကြီးသို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီက ကျင်းပခဲ့သည်။
အဆိုပါ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူများက တပျော်တပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းကြီး၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness Dance တို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့