‎‎
တန့်ယန်း ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေ များအား မြန်မာ့စီးပွားရေးဘဏ်မှ လစဉ်ထုတ်ပေးလျှက်ရှိရာ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ လာရောက်ထုတ်ယူနေကြသည်။
အဆိုပါ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများအား အဆင်ပြေချောမွေ့စွာဖြင့် ထုတ်ယူ နိုင်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်မန်နေဂျာနှင့် ဝန်ထမ်းများက စနစ်တကျ စီစဉ်ဆောင်ရွက် ပေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး