တန့်ယန်း နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ – ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာဖြင့် ကျင်းပနိုင်ရန် ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၁ / ၂၀၂၅)ကို နိုဝင်ဘာလ ၂၄ ရက် နံနက် ၉ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အမှာစကားပြောကြားပြီး ခရိုင်အဆင့် တာဝန်ရှိ ဌာနဆိုင်ရာများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိ ဌာန ဆိုင်ရာ အကြီးအကဲများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မိုင်းရယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က Video Conferencing ဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့၏ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း၍ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး