တန့်ယန်း အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းအား ကျေးရွာများအထိပါ ကွင်းဆင်း ဆောင်ရွက်နေရာ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက နောင်ခမ်းကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထွန်းနိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူးက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ၏ ဖွဲ့စည်းတည် ဆောက်ထားမှု၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုများ၊ ကိုင်တွယ်အသုံးပြုနည်းများ ရှင်းလင်းပြောကြားရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းထွန်းကျော်က ရှမ်းဘာသာဖြင့် ထပ်ဆင့်ရှင်းလင်းပေးသည်။
ယင်းနောက် ကျေးရွာရှိ ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် လက်တွေ့ စမ်းသပ် မဲပေးကြရာ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့