
တန့်ယန်း နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်ရှိ အောင်တော်မူစေတီတော် ကြီးတွင် တန်ဆောင်မုန်းလပြည့် သာမညဖလနေ့ ဗုဒ္ဓပူဇနိယ ဆီမီးထွန်း ပူဇော်ပွဲနှင့် မီးပုံးပျံ လွှတ်တင်ပွဲကို နိုဝင်ဘာလ ၄ ရက်နေ့ ညက အောင်တော်မူစေတီတော်၌ ကျင်းပသည်။
အဆိုပါ အောင်တော်မူ စေတီတော်ကြီးတွင် ဆီမီးထွန်းပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအား နယ်မြေခံ တပ်နယ်မှ စစ်ဗျူဟာမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက စေတီတော်တွင် ဆီမီးထွန်းပူဇော်ပြီး ရင်ပြင်တော်တွင် မီးပုံးပျံလွှတ်တင်ပွဲကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး