တန့်ယန်း နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ – ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းတွင်ပါရှိပြီး မဲဆန္ဒနယ်၏ ပြင်ပသို့သွားရောက်၍ ကျောင်းတက်ကြမည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေး အတွက် နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြိုတင် ဆန္ဒမဲပေးခဲ့ကြသည်။
တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲ ပေးနေမှုအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထွန်းနိုင်ဦးနှင့် တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်ပေးပြီး အမှတ်(၄) ရပ်ကွက်မှ ၃ ဦး၊ အမှတ်(၇) ရပ်ကွက်မှ ၃ ဦး၊ အမှတ်(၁၀) ရပ်ကွက်မှ ၂ ဦး၊ မိုင်းကောင်မှ ၂ ဦး စုစုပေါင်း ၁၀ ဦး ကြိုတင် ဆန္ဒမဲပေးခဲ့ကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိ ဌာနဆိုင်ရာများက ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး