တန့်ယန်း နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် ပြည်သူများ စုပေါင်းကာ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီက အမှတ်(၃) တပ်မတော်ဆေးရုံ (ခုတင်-၂၅)၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မြင့်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှု အားပေးသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတွင် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား (၂၄၀) ဦးခန့်က ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ထို့နောက် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အကြိုလှုပ်ရှား ဆောင်ရွက်မှုအဖြစ် အောင်တော်မူစေတီတော်၌ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
အောင်တော်မူ စေတီတော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက ပန်း၊ ရေချမ်းများ လဲလှည်ခြင်း၊ စေတီတော်၏ အတွင်းအပြင်များ၌ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရင်ပြင်တော်အား ဆေးကြောသန့်စင်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး