တန့်ယန်း နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ၂၈ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲ အရာရှိ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း(၃)ပိုင်းဖြင့် ရွေးကောက်ပွဲဆောင်ရွက်မည့်အခြေအနေ၊ မဲရုံမှူး ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်ရမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်အခြေအနေများ၊ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားပြီးစီးမှုနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရမည့် အခြေအနေများ၊ မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ ပြုကျင့်မှုများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာယီနေရပ်စွန့်ခွာသူများအနက်မှ ပုံစံ(၁၅)ဖြင့် တောင်းဆိုထားသည့် ယာယီနေရပ်စွန့်ခွာသူများသည် မိမိရောက်ရှိရာဒေသရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စီစဉ် ဆောင်ရွက်ပေးသည့် သင့်လျှော်သောနေ့ရက်နှင့်နေရာတို့တွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်သည့် အခြေအနေများ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာများနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးသည် သင်တန်းသို့တက်ရောက်လာကြသော သင်တန်းသား/သူများနှင့်အတူ သင်တန်းပို့ချနေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားကာ လက်တွေ့သရုပ်ပြသ မဲပေးနေမှုကို ကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၃၄)ဦး တက်ရောက်ကြပြီး သင်တန်းအား နှစ်ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး