
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီမှ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် အဆင့်မြင့်စက်ချုပ်သင်တန်းနှင့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ(၂၉)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေ အထောက်အပံ့နှင့် ကျောင်းပြင်တွင်ရောက်နေသော ကလေးများကို မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေး၊ အန္တရာယ်ရှိသည့် အလုပ်အကိုင်များမှ ကလေးအလုပ်သမားများ ပပျောက်စေရေးဆိုသည့် ရည်ရွယ်ချက်နှင့် သက်မွေးသင်းတန်းများက်ု ဖွင့်လှစ်ပေးနေခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၂၀မှာ သက်မွေးသင်တန်း(၇)မျိုးမှ သင်တန်းသား (၁၄၀)ဦး၊ ၂၀၂၁-၂၀၂၂မှာ သက်မွေးသင်တန်း(၆)မျိုးမှ သင်တန်းသား (၁၂၅)ဦး၊ ၂၀၂၂-၂၀၂၃မှာ သက်မွေးသင်တန်း(၁၀)မျိုးမှ သင်တန်းသား (၂၂၇)ဦး၊ ၂၀၂၃-၂၀၂၄မှာ သက်မွေးသင်တန်း(၇)မျိုးမှ သင်တန်းသား (၁၆၅)ဦးတို့ကို သက်မွေးသင်တန်းများ အခမဲ့ တက်ရောက်စေပြီး သက်မွေးအထောက်အကူပြုပစ္စည်းများကိုပါ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ပထမ(၅)နှစ်စီမံချက် ကာလအတွင်း စုစုပေါင်းသင်တန်းသား/သူ (၆၅၇)ဦးကို မိမိတို့ဘဝရပ်တည်နိုင်ရေးအတွက် အလုပ်အကိုင်များကို ရှာဖွေ ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း သက်မွေးသင်တန်း(၈)မျိုး ဖွင့်လှစ်ပေးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာကဏ္ဍမှ တာဝန်ရှိသူများက ကြိုးစားအားထုတ်နေကြသလို သင်တန်းသား/ သူများ အနေဖြင့်လည်း မိမိဘဝရပ်တည်နိုင်ရေး မိသားစုဝင်ငွေတိုးတက်စေရေးအတွက် ယခုသင်ကြားပေးမည့် အသက်မွေး ဝမ်းကျောင်းပညာရပ်ကို ကြိုးစာအားထုတ်သင်ယူကြ၍ သင်တန်းကရရှိမည့် ကျွမ်းကျင်မှုအဆင့်နှင့် တင်းတိမ်ရောင့်ရဲခြင်း မရှိဘဲ မိမိဘဝတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစဉ်အဆက်လေ့လာသင်ကြားမှုရှိကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်း ကော်မတီနာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ ဦးစိုင်းကျော်ကျော်ခိုင်ထံ စားစရိတ်ထောက်ပံ့ငွေပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအေးလှိုင်က အဆင့်မြင့်စက်ချုပ်သင်တန်းဆရာမထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်၍ လည်းကောင်း၊ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်နယ်သယံဇာတဝန်ကြီး ဦးစိုင်လိတ်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တန်းဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆရာမထံသင်တန်းသုံးကုန်ကြမ်းပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး က ဘာသာရပ်အလိုက် သင်ကြားပေးမည့် သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှု ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး