
(၇၇)နှစ်မြောက်ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့တွင် ၂၀၂၄ခုနှစ် အင်းလေးကန်ဖြတ် စက်ဘီးစီးပွဲတော် ဖွင့်ပွဲကို ဖေဖေါ်ဝါရီ(၅)ရက် နံနက်(၇)နာရီက ညောင်ရွှေမြို့၊ ကျောက်တိုင်ကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်သည် နယ်မြေဧရိယာအားဖြင့် ကျယ်ဝန်းပြီး ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်သော ဆွဲဆောင်မှုများ ကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ပုံစံတစ်မျိုးဖြစ်သည့် အားကစားနှင့်ခရီးသွားလုပ်ငန်းကို ပေါင်းစပ်သော ပွဲတစ်ခုကို ကျင်းပနိုင်သည့်အတွက် ရှမ်းပြည်နယ်သည် စုံလင်သော ခရီးသွားလုပ်ငန်းပုံစံများကို ရရှိစေနိုင်သည့် ပြည်နယ်တစ်ခုအဖြစ် ထင်ဟပ်ဖော်ပြနေပါကြောင်း၊ ယခုကဲ့သို့ အားကစားနှင့်ဆက်နွယ်သော ခရီးသွားလုပ်ငန်းသည် ခရီးသွားများနှင့်ဒေသခံများကို ကျန်းမာပျော်ရွှင်စေပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေသော ခရီးသွားလုပ်ငန်း အမျိုးအစားတစ်မျိုးဖြစ်ပြီး ပွဲတော်ကျင်းပသည့် ကာလတိုင်း နှစ်စဥ်ပြန်လည် လာရောက်လည်ပတ်ခြင်း၊ အခြားအားကစားကို ခုံမင်သည့် အသိုင်းအဝိုင်းများကို ဖိတ်ခေါ်ပါဝင် လာစေခြင်းတို့ကြောင့် ခရီးသွားဧည့်သည် အရေအတွက် ပိုမိုတိုးတက် ဝင်ရောက်လာစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိ၍ ဒေသ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမှာဖြစ်ပြီး ယခုလိုပွဲများကို နှစ်စဥ်အောင်မြင် ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် အရေးကြီးကြောင်း ပြောကြားသည်။
ဆက်လက်၍ အင်းလေးကန်ဖြတ် စက်ဘီးစီးခြင်း (30 km)နှင့်(15 km)ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တာလွှတ်ပေးပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ကြောင်း သိရသည်။
အဆိုပါ အင်းလေးကန်ဖြတ် စက်ဘီးစီးခြင်းတွင်(30 km)၌ (၁၆၀)ဦးဖြင့် ကျောက်တိုင်ကွင်းမှ ပေါင်းပိုင်းလမ်းဆုံ၊ ညောင်ရွှေ၊ မိုင်းသောက်တံတားမှ ကျောက်တိုင်ကွင်း ပြန်ဝင်ပြီး(150 km)တွင် စက်ဘီးစီးသူ (၁၂၀)ဦး ကျောက်တိုင်ကွင်းမှ ရဒ်မောင်တိန်အတ်စတိတ်ထိ ပါဝင်စီးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး