တောင်ကြီး ဇွန် -၂၈
ဆေးတက္ကသိုလ် – တောင်ကြီး ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန်(၂၈)ရက်ညနေ့(၃)နာရီ အချိန်တွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆေးတက္ကသိုလ် – တောင်ကြီး Final Part-2 (5/2024FC) အသင်း နှင့် Final Part – 2(5/2025 FC) အသင်းတို့ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆေးတက္ကသိုလ် – တောင်ကြီး ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးရာ Final Part – 2(5/2024FC)အသင်း ကအနိုင်ရရှိကြောင်း သိရသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီး Cheer Leader ပြိုင်ပွဲတွင် `Cheer Leadering Award´´နှစ်သိမ့်ဆုရရှိသောအသင်း၊“Cheer Leadering Award ´´3rd runner up၊ 2nd runner up ၊ 1st runner up၊ The Best Cheer Leadering Team ဆုရရှိသောအသင်းများအား ဆေး တက္ကသိုလ်-တောင်ကြီး ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ က လည်းကောင်း၊ အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများအား ဆေးတက္ကသိုလ် -တောင်ကြီးပါမောက္ခချုပ် က လည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများအား ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်ဥပဒေချုပ်တို့က လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့်အသင်းကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ငွေသားဆုအား လည်းကောင်း ၊တတိယဆုရရှိသည့်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လည်းကောင်း၊ ဒုတိယဆုရှိသည့် Final Part -2(5/2025FC) အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်စီးပွားရေးရာဝန်ကြီးက လည်းကောင်း ဆုများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပထမဆုရရှိသည့် Final Part-2 (5/2024FC) အသင်းအား တစ်ဦးချင်းဆုတံဆိပ်များပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဆေးတက္ကသိုလ်ပါမောက္ခ ချုပ်တို့က ချန်ပီယံဆုဖလားနှင့် ငွေသားဆု တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး