
ဆီဆိုင် ဩဂုတ်-၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဩဂုတ်၂၄ရက် နံနက် ၉ နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း(ဆီဆိုင်)ရှိ ယုဇနခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ က အမှာစကားပြောကြားပြီး မြိုနယ် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဖြိုးက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်းနှင့် မဲပေးစက်အသုံးပြုပုံအသုံးပြုနည်းများအား ရှင်းလင်းပြောကြား သည်။ ထို့နောက် တာဝန်ရှိသူတို့က တက်ရောက်လာကြသည့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းသို့ မြို့ပေါ်(၆)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရင်းဝန်ထမ်းများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး