ဆီဆိုင် စက်တင်ဘာ-၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မဲဆန္ဒရှင် ပြည်သူများအား ၂၀၂၂၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို စက်တင်ဘာလ၂၆ရက် နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဆီဆိုင်)ရှိ ယုဇနခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဌ ဦးခွန်ကျော်ရန်က အမှာစကားပြောကြားပြီး မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဖြိုးက ပထမအကြိမ်(၁၄)ရက်အတွင်း မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှု လုပ်ငန်းစဉ်အကြောင်း အရာများ၊ မြန်မာ အီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်းနှင့် မဲပေးစက်အသုံးပြုပုံ အသုံးပြုနည်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြ သည့် ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့သည်။ ဆက်လက်၍ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိမှ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်း ကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှု၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် မဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းသို့ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၊ ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး