ဆီဆိုင် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားလာစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ကိုမမေ့ဘဲ အမြဲသတိရအောက်မေ့နေစေရန် ရည်ရွယ်၍ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) မူလတန်းအထက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို နိုဝင်ဘာလ၁၂ရက် နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲတွင် ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအထက်ဆင့် ကျောင်းသား၊ ကျောင်းသူ (၂၄)ဦးတို့က အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် ကဗျာခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ကဗျာရွတ်ဆိုယှဉ်ပြိုင်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်ဝင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထွေးစုငယ်ထွန်းနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ တို့က ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား အခမ်းအနားဖြင့် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆီဆိုင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အာက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်ခြင်း(MCCT)ကို နံနက်ပိုင်းမှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ထို့ ငွေကြေးထောက်ပံပေးရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ (ဧပြီလ မှ အောက်တိုဘာလ)အထိ MCCT အစီအစဉ်၏ အကျိုးခံစားခွင့်ရှိသည့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၉၅၄)ဦး နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အာက် ကလေးငယ်(၄၇၁) ဦး၊ စုစုပေါင်း (၁၄၂၅)ဦး တို့အတွက် ထောက်ပံ့ကြေးငွေ (၁၂၉၁၃၅၀၀၀) ကျပ် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး