ဆီဆိုင် ဩဂုတ်-၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဆီဆိုင်မြိုနယ်အတွင်း ဘေးသင့်ပြည်သူများ စီးပွားရေးလုပ်ငန်းပြန်လည် ထူထောင်လာနိုင်ရန်အတွက် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း”ဖွင့်ပွဲကို ဩဂုတ်လ(၃)ရက် နံနက်ပိုင်း က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ဒေသဦးစီးမှူးနှင့် တာဝန်ရှိသူတို့မှ သင်တန်းသူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသူများနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၂၀)ဦး တက်ရောက်ကြပြီး သင်တန်းအား ဩဂုတ်လ (၂)ရက်နေ့မှ ဩဂုတ်လ (၆)ရက်နေ့အထိ (၅)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး