
ဆီဆိုင် စက်တင်ဘာ-၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာရှိ စံပြစိုက်ခင်း၌ စက်တင်ဘာ၃ရက် နံနက် ၁၀ နာရီအချိန်က မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများနှင့် စံပြစိုက်ခင်းများအတွက် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ၊ တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့အား ဆီဆိုင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကြင်မှ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများနှင့် စံပြစိုက်ခင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဒေသခံတောင်သူများအား စံပြစိုက်ခင်းများအတွက် သွင်းအားစုများကို အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နောင်မွန်ကျေးရွာရှိ မိုးစပါးစံပြ စိုက်ခင်း (ရွှေရင်အေး)အမျိုးအစား (၁၀၀)ဧကနှင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (ရွှေရင်းအေး)အမျိုးအစား (၇၀)ဧက စံပြစိုက်ခင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး