ဆီဆိုင် ဇူလိုင်-၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ် ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ဇူလိုင်လ ၁၇ ရက်၊ နံနက် ၈ နာရီအချိန်က တောင်သူ ဦးစိုင်းမတ်၏ စံပြကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြေစာရင်းဦးစီးဌာနမှူး ဦးဝင်းနိုင်ဦး မှ ဦးဆောင်၍ ဆီဆိုင်မြို့နယ်မြေစာရင်းစာရင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်သူခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကြင်၊ ဘန်းယဉ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စံကွက်ရိတ်သိမ်းရေးအဖွဲ့များတို့က ဘန်းယဉ်ကျေးရွာ၊ ကွင်းအမှတ်(၂၃-ခ-၃)၊ ကွန်နားအနောက်၊ ဦးပိုင်အမှတ်(၂၆)၊ ဧရိယာ(၄.၀၇)ဧကရှိ တောင်သူဦးစိုင်းမတ်၏ အထွက်ကောင်းမျိုး(ရွှေရင်အေး) အမျိုးအစား ၂၀၂၄-၂၀၂၅ခုနှစ်၊ နွေစပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း အစို ၁၄၇ ဒသမ ၇၇ တင်း ထွက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး