
ဆီဆိုင် ဇူလိုင်-၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံပေးအပ်သော ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ၂၄ရက် နံနက် ၁၀ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးခြံရှိ ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ကျော်ရန် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကြင်က ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါ်သက်သက်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူတို့က တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများကို အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေအပ်သည့် ပုလဲမြေဩဇာ (၁၀၀) အိတ်၊ ကွန်ပေါင်း မြေဩဇာ (၁၀၀) အိတ်၊ သဘာဝဓာတ်မြေဩဇာ (၂၀၈)အိတ် နှင့် မျိုးစေ့ချကိရိယာ (၅ )ခု တို့ကို ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်မွန်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာအုပ်စုနှင့် ပါလောပါကယ် ကျေးရွာအုပ်စုတို့မှ ဒေသခံတောင်သူများအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး