ဆီဆိုင် အောက်တိုဘာ ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်သည့်နေရာများ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ကြွယ်ကြွယ်ဝင်းနှင့် တာဝန်ရှိသူတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၅၉ ဒသမ ၇ သန်းဖြင့် ထက်ဓနအောင်ကုမ္မဏီမှ ဆောင်ရွက်သည့် ဆီဆိုင်မြို့နယ်၊ မိုက်တီး-နောင်ဘို လမ်းပေါ်ရှိ (၂၀) ပေ၊ သံကူကွန်ကရစ်ကြမ်းခင်း တံတားတစ်စင်း နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေကျပ် ၂၂၇ ဒသမ ၇ သန်းဖြင့် ပြည့်ကောင်းကုမ္မဏီမှ ဆောင်ရွက်သည့် ဆီဆိုင်မြို့နယ်၊ မကောက်(နောက်)-နောင်လိတ်-ကွန်မွန်း-ဖာလိုင်-ပန်ကန်းလေး-KFW(လမ်းခွဲ) လမ်းပေါ်ရှိ (၄၀)ပေ သံပေါင်၊ သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကြောင်း သိရ သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့