ဆီဆိုင် စက်တင်ဘာ-၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရုံးမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆီဆိုင်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်နေထိုင်သည့် ဒေသခံပြည်သူများ တပိုင်တနိုင်မွေးမြူနိုင်ရန်အတွက် တိရိစ္ဆာန်(ဒေသကြက်) ထောက်ပံပေးအပ်ခြင်း ကို စက်တင်ဘာလ၂၂ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးရှိ ခန်းမ၌ ပြုလုပ်ခဲ့ သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ ဒေသဦးစီးမှူး ဒေါက်တာစိုးအောင်ဝင်း၊ ဆီဆိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ရန် တို့က အမှာစကားပြောကြားကြပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာ အောင်ကျော်စိုးက ထောက်ပံ့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒေသဦးစီးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ဒေသခံပြည်သူများအား တိရိစ္ဆာန်(ဒေသကြက်)များအား အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါ ထောက်ပံ့ပေးအပ်ရာမှာ ဆီဆိုင်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်နေထိုင်သည့် ဒေသခံပြည်သူများ တပိုင်တနိုင်မွေးမြူနိုင်ရန်အတွက် အိမ်ထောင်စု (၄၀) စုအား တစ်အိမ်ထောင်လျှင် တိရိစ္ဆာန်(ဒေသကြက်) ကောင်ရေငါးကောင်နှုန်းဖြင့် စုစုပေါင်းကောင်ရေ ၂၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆီဆိုင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကိုလည်း မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ထုတ်ပေးလျက်ရှိသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာထုတ်ယူသူများအနေဖြင့် ပင်စင်လစာထုတ်ယူရာ တွင် အခက်အခဲမရှိစေရန် သတ်မှတ်ရက်များတွင် အလှည့်ကျထုတ်ပေးခြင်း၊ ပင်စင်လစာများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက် မထုတ်ယူနိုင် ပါက မိသာစုဝင်တစ်ဦးဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာ ထုတ်ယူသူများ အဆင်ပြေချော့မွေ့စေရန်နှင့် လူစုလူဝေးမဖြစ်စေရန် ဘဏ်ဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ပင်စင်ထုတ်ယူရာတွင် လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ ရုံးဖွင့်ချိန်တွင် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး