
ဆီဆိုင် ဩဂုတ်-၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှိုက်များအား စနစ်တကျခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးလက်ကမ်းစာစောင်များကို ဩဂုတ်လ(၁)ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်းအဝေးခန်းမ၌ ဖြန့်ဝေပေးသည်။
ဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြာပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့ကို အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်ပစ်ခြင်း အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲသည်။ အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ပလပ်စတစ်သုံးစွဲမှု လျော့ချနိုင်ရေး၊ ပလပ်စတစ် အမှိုက်အမျိုး အစား၊ အမှိုက်ခြောက်အမျိုးအစားများ၊ အမှိုက်စိုအမျိုးအစားများနှင့် ဘေးအန္တရာယ်ရှိ အမှိုက်အမျိုး အစားများစသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး