ဆီဆိုင် စက်တင်ဘာလ- ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ၂ရက် နံနက်(၁၀)နာရီ အချိန်က ထီတမောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် အသိပညာဗဟုသုတ၊ လူငယ်နှင့် စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဇော်ထွန်း က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောကြပြီး မြို့နယ်အားကစားမှူး ဦးဇော်ထွန်းက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်း များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး