ဆီဆိုင် ဩဂုတ်-၂၁
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများ အတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာမွမ်းမံသင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျောင်မျိုးက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် ဒေသဦးစီးမှူးနှင့် တာဝန်ရှိသူတို့က သင်တန်းထူးချွန်သူငါးဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါ စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းကို သင်တန်းသူ (၁၁)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းအား ဩဂုတ်လ (၆)ရက်နေ့မှ ဩဂုတ်လ (၂၀)ရက်နေ့အထိ (၁၅)ရက်ကြာ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး