
တောင်ကြီး ဖေဖော်ဝါရီ-၁၈
စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးအားလုံးတော်ပြည့်ရွှေသင်္ကန်းစတင်ကပ်လှူ ခြင်းနှင့်ဆရာတော်၊သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ဖေဖော်၀ါရီ (၁၈)ရက်နံနက်(၁၀)နာရီကတောင်ကြီးမြို့၊သစ်တောရပ်ကွက်၊စူဠာမုနိလောက ချမ်းသာစေတီတော် ဇေတဝန်သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပသည်။ ဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်ဝန်ကြီးများ နှင့်တာဝန်ရှိသူများက စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးအားပန်း၊ရေချမ်း၊ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပေးကြပြီးဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း အခမ်းအနားကိုဆရာတော်၊သံဃာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ၊တောင်ကြီးမြို့ကံသာရပ်ကွက်၊ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက်ဦးစီး ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မာဋ္ဌာနာစရိယဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်အပ်သောမေတ္တာသုတ်ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ဆရာတော် ၊သံဃာတော်မြတ်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဘုရားဂေါပက တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ပေးကြပြီး လှူဒါန်း မှုအစုစုအတွက်ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊တောင်ကြီးမြို့သိမ်တောင် ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော်(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရားနာယူကြည်ညို၍ရေစက်သွန်ချအမျှပေးဝေကြပြီးအခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းလိုက်ပြီးဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး