
တောင်ကြီးမြို့ ဇွန်-၂၈
တောင်ကြီးမြို့နယ်၊ သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၌လည်းကောင်း၊ခရိုင်/ မြို့နယ်စုပေါင်းရုံးဝင်းအတွင်း၌ လည်းကောင်း၊ အစိုးရအဖွဲ့ ရုံးဟောင်း၌လည်းကောင်း သန့်ရှင်းသာယာလှပရေး ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေသည့် နေရာများသို့ ဇွန်လ(၂၈)ရက်၊ နံနက်(၇)နာရီခွဲ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး တို့မှ လှည့်လည်ကြည့်ရှုအားပေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ လိုက်ပါ၍ ကြည့်ရှုအားပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး