စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံဟဲဟိုး၊ ဒီးမော့ဆို၏ ၂၀၂၃-၂၀၂၄ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ဇန်နဝါရီ(၁၃)ရက်မွန်းလွဲ(၂)နာရီက ဟဲဟိုးစိုက်ပျိုးရေးနှင့် မွေးမြူရေး(ဟဲဟိုး၊ဒီးမော့ဆို) သင်တန်းကျောင်းခန်းမ၌ကျင်းပသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဟဲဟိုးစိုက်ပျိုးရေးနှင့် မွေးမြူးရေးသိပ္ပံကျောင်းအား သီးနှံအထူးပြုစိုက်ပျိုးရေး(၂)နှစ်သင်တန်းအဖြစ် ၂၀၁၁ခုနှစိနိုဘာလ၂၇ရက်မှစတင်ခဲ့ပြီး စိုက်ပျိုးရေးဒီပလိုမာ(၃)နှစ် သင်တန်းကို ၂၀၁၂ခုနှစ် ဝင်ဘာလ(၁၆)ရက်တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ယခုစိုက်ပျိုးရေးသိပ္ပံ၊ ဟဲဟိုးမှ စိုက်ပျိုးရေးဒီပလိုမာရရှိပြီးသူဦးရေ(၇၃၆)ဦးရှိပြီး ဖြစ်ကြောင်း ဒီးမော့ဆိုစိုက်ပျိုးရေးသိပ္ပံကို ၂၀၁၄ခုနှစ်တွင် စတင်၍ စိုက်ပျိုးရေးသိပ္ပံကျောင်းဖွင့်လှစ်ခဲ့ပြီး ဒီပလိုမာရရှိပြီးဦးရေ(၃၄၃)ဦးရှိပြီး ဟဲဟိုးစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံမှာ မွေးမြူရေးဒီပလိုမာသင်တန်းကို၂၀၂၁-၂၀၂၂ခုနှစ် နိုဝင်ဘာလမှ စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များမှာ နှစ်စဥ်စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာလက်မှတ်ရ အလယ်အလတ်တန်းအဆင့် ပညာရှင်များလေ့ကျင့် မွေးထုတ်ဖြည့်တင်းပေးနိုင်ရန်၊ သင်ကြားတတ်မြောက်ထားသည့် ပညာရပ်ဖြင့် ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာများအား ကျေးရွာအဆင့်အထိ ပြန်လည်ဆင့်ပွားပညာပေးနိုင်ရန်၊ ဒေသအလိုက်လယ်ယာကဏ္ဍ မွေးမြူရေးကဏ္ဍထုတ်ကုန်များမှ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်လာစေရန်နှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်၊ နိုင်ငံတော်၏စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆက်နွယ်နေသောပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင် များဖြည့်ဆည်ပေးရန်၊ စားနပ်ရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ထုတ်လုပ်မှုကဏ္ဍများတွင် အထောက်အကူဖြစ်စေရန် ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ဟဲဟိုး) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစုစုထွေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်း တတိယနှစ်ကိုယ်စား ကျောင်းသားတစ်ဦးမှ ကြိုဆိုစကားနှင့် ပထမနှစ်မောင်မယ်သစ်လွင် စိုက်ပျိုးရေးသင်တန်းမှ ကျောင်းသူတစ်ဦးတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။ ထို့နောက်(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲမှ ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဆုများအသီးသီးချီးမြှင့်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ တောင်ရိုးတိုင်းရင်းသားအက၊ လားဟူတိုင်းရင်းသားအက၊ ပအိုဝ်းတိုင်းရင်းသားအကဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစုစုထွေးမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ ဟဲဟိုးမျိုးသန့်ခြံတွင် (ဆောင်း)စပ်မျိုးနေကြာမျိုးစေ့ထုတ်ခင်း (၁၅)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ကုလားပဲပင်စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုရာ ခြံမန်နေဂျာ ဒေါ်သီတာစိန် ဦးစီးအရာရှိမှ လိုက်လံရှင်းပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး