ကျိုင်းတုံ ဩဂုတ်-၁
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်-ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးထွဋ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများဖြင့် ဩဂုတ်လ(၁) ရက် နေ့လည်(၁၁)နာရီ လွိုင်မွေကျေးရွာနှင့် နောင်လျန်(၆)ရွာအတွက် စိုက်ပျိုးမြေဧရိယာ(၃၀၀) စိုက်ပျိုး‌ရေးပေးဝေရန်နှင့် သောက်သုံးရေလုံလောက်စွာ ရေ‌ပေးဝေရေး စီမံကိန်းနေရာများအား မြေပြင်ကွင်းဆင်းကြည့်ရှူ့စစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)မှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခြင်းအပေါ် တိုင်းမှူးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ခြင်းတွင် အတူလိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး