
ကျိုင်းတုံ ဩဂုတ်-၁၈
ကျိုင်းတုံမြို့၊ အမှတ်( ၁၁ )တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်းတွင် ဩဂုတ် ( ၁၈ ) ရက် နံနက်( ၈ ) နာရီတွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် ( ၁၆/ ၂၀၂၅ ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးတင်လင်း သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်မှူးချုပ်စိုးလှိုင် နှင့် စစ်ဘက်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အမှတ် ( ၁၁ ) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး မှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားခြင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်မှူးချုပ်စိုးလှိုင် မှ သင်တန်းသားများအတွက် အားကစားပစ္စည်းများပေးအပ်ခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ( ၂၀,၅၀၀,၀၀ဝိ/- ) ကျပ်အား ကျောင်းအုပ်ကြီးသို့ လွှဲပြောင်းပေးအပ်ခြင်း၊ ဒုတိယကျောင်းအုပ်ကြီး မှ သင်တန်းသားများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခြင်းနှင့် နံနက်စောစာအား အတူ သုံးဆောင်ခြင်းများဆောင်ရွက်ခဲ့ပြီး ( ၀၈၃၀ ) နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးမြောက် ကြောင်း သိရှိသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး