
ကျိုင်းတုံ သြဂုတ်- ၄
စစ်မှုထမ်းဟောင်းတပ်ရင်း စစ်ရေးပြ၊ လက်နက်ငယ်နှင့် စစ်နည်းဗျူဟာမွမ်းမံ သင်တန်းအမှတ်စဉ် (၂/၂၀၂၅)(ပစ်ခတ်စဉ်ပါ) သင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၄ ရက် နံနက် ၈ နာရီတွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ ဦးတင်လင်း သည်
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုး ဦးဆောင်သော တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့်
ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးထွဋ်နှင့် ပစခ၊ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး
အခမ်းအနားတွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ တွေ့ဆုံနှုတ်ဆက်ခဲ့ခြင်းများတွင် အတူလိုက်ပါဆောင်ရွက်ခဲ့ပါကြောင်းသိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး