လားရှိုး ဇွန်-၁၀
လားရှိုးမြို့၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် တိုက်ပွဲကာလအတွင်းထိခိုက်ပျက်စီးခဲ့သော ရက်ကွက် (၉)၊ ခေးခမ်းကျေးရွာရှိ ငြိမ်းချမ်းကမ္ဘာအောင်စေရာစေတီတော်မြတ်ကြီးအား ဇွန်လ(၁၀)ရက် နံနက်(၁၁)နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်းနှင့် ဆရာတော်ဘုရားအား ဝတ္ထုငွေများ ကပ်လှူခဲ့ပါကြောင်း သိရှိရသည်
ထို့နောက် လားရှိုးမြို့၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းသည် ပြည်နယ်/ခရိုင်/မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရပ်ကွက် (၁) ရှိ ထွေအုပ်ဂါလံ (၁) သိန်းရေလှောင်ကန်အတွင်းသို့ ရေကန်တောင်မှ သွယ်တန်းထားသောရေပိုက်လိုင်းမှ သောက်သုံးရေများ ပုံမှန်အတိုင်းပြန်လည်ရရှိမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များ၊ ရုံးများအား သောက်သုံးရေများအမြန်ဆုံးပြန်လည်ဖြန့်ဝေနိုင်ရေး ညွှန်ကြားခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး