ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် တာဝန်ရှိသူတို့သည် ဇန်နဝါရီ(၂၀)ရက်ညနေ(၄)နာရီခွဲက ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်းအစည်းအဝေးခန်းမ၌ ဂျုံမျိုးသစ်များစိုက်ပျိုးပြပွဲနှင့် တောင်သူများမှမျိုးရွေးချယ်ပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မျိုးကောင်းသည့်ဂျုံများကို အထွက်နှုန်းကောင်းအောင် ဆောင်ရွက်ကြရန်၊ ဂျုံသီးနှံကိုဖွံ့ဖြိုးတိုးတက်အောင် တောင်သူများမှဆောင်ရွက်ပေးကြရန်နှင့် တောင်သူများအနေဖြင့် မည်သည့်သီးနှံမဆို စိုက်ပျိုးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ အရည်အသွေးကောင်း ဂျုံမျိုးသစ်များအကြောင်းနှင့် တောင်သူများ မဲပေးရွေးချယ်ခြင်းမှရရှိလာသော ရလဒ်များကို ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်းခြံတာဝန်ခံ ဒေါက်တာဝင်းဝင်းနွယ်မှ ရှင်းလင်းတင်ပြပြီး စိုက်ပျိုးထားသော အရည်အသွေးကောင်းဂျုံများနှင့် အပူဒဏ်ခံဂျုံမျိုးများ၊ အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်း၊မျိုးသန့်များ အသုံးပြုစိုက်ပျိုးနိုင်မှု ပိုမိုမြန်ဆန်စေရန် ဒေသသုတေသနဗဟိုဌာန အောင်ပန်း၌ အပင်တစ်သျှူး၊ ကားချားနှင့်အာဟာရရည်ဖျန်းစနစ် နည်းပညာများအသုံးပြု၍ မျိုးအလိုက် (ရရှားမျိုး၊ ရမ်ဘာမျိုး၊ မာကီစ်မျိုး၊ ကားလူးရစ်ခေါ် မျက်နီမျိုး) ထုတ်လုပ်ထားသောG-0 အဆင့်မျိုး အာလူးထုတ်လုပ်ထားရှိမှု၊ မြေလွှာမဲ့(SubstrateCulture)စနစ်ဖြင့် ရရှားမျိုးG-0
အဆင့်ထုတ်လုပ်ထားရှိမှုနှင့် ရောဂါပိုးမွားကင်းစင်သော မျိုးအာလူးထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်းရုံးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးနေသော ဂျုံမျိုးများဖြစ်သည့် ရေဆင်း-၉၊ရေဆင်း-၁၀မျိုးများမှာ ရေမပေးသွင်းနိုင်သော တောင်ပေါ်ဒေသနှင့် ကိုက်ညီမှုရှိပြီး အထွက်နှုန်းကောင်းဂျုံမျိုးများဖြစ်သော်လည်း ဂျုံမုန့်အရည်အသွေးအတွက် လိုအပ်သောပရိုတင်းဓါတ်နှင့် ဂလူတင်ဓါတ်ပါဝင်မှုနည်းပါးသောကြောင့် ဂျုံစက်ရုံများမှအသုံးပြုကြိတ်ခွဲနေသော ပရိုတင်းဓါတ်၊ နှင့် ဂလူတင်ဓါတ်ပါဝင်မှုမြင့်မားသည့်ဩစတြေးလျနိုင်ငံမှ ဂျုံမျိုး(၄)မျိုး ဩစတြေးလျဂျုံ-၁ (Australian Standard WhiteASW) သြစတြေးလျဂျုံ-၂ (Austalin Premium
White ApW)၊ သြစတြေးလျဂျုံ-၃ (Australian Prime Hard-APH) သြစတြေးလျဂျုံ-၄ (Australian Hard-AH)နှင့် တရုတ်နိုင်ငံမှဂျုံမျိုး(၃)မျိုး တရုတ်ဂျုံ-(Huaimai-33)၊ တရုတ်ဂျုံ-၂(Xinong-979)၊တရုတ်ဂျုံ-၃(De2034) ကိုမှာယူထားပြီး မြန်မာနိုင်ငံ၏ရေသဘာဝ၌ ဖြစ်ထွန်းမှုကောင်းသော အရည်အသွေးကောင်းဂျုံများရရှိစေရန်အတွက် သုတေသနပြုစမ်းသပ်စိုက်ပျိုးထားရှိပြီး စိုက်ပျိုးပြသထားသောဂျုံမျိုးသစ်(၇)မျိုးအနက်မှ အခမ်းအနားသို့ တက်ရောက်လာသည့်တောင်သူ(၅၀)ဦး၏ မဲပေးရွေးချယ်မှုအရ တရုတ်ဂျုံ-၃(De-2034)ကို ၉၄%ဖြင့် အများဆုံးရွေးချယ်ပေးခဲ့ပြီး သြစတြေးလျဂျုံ-၁ (Austrailan Standard White ASW) ဂျုံမျိုးကို၈၂%ဖြင့် ဒုတိယအကြိ
က်ဆုံးမျိုးအဖြစ် ရွေးချယ်ပေးခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က တောင်သူများမဲအများဆုံးပေး၍ ရွေးချယ်ခဲ့သည့်ဂျုံမျိုး(၂)မျိုးအား လာမည့်နှစ်ဂျုံစိုက်ရာသီတွင် တစ်မျိုးလျှင်မျိုးစေ့တင်း(၁၀၀)စီ အခမဲ့ဝယ်ယူဖြန့်ဖြူးပေးနိုင်ရန် စီစဥ်ညွှန်ကြားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် အာလူးစိုက်ဧက(၁၀၀၀၀)အတွက် မျိုးအာလူးများထုတ်လုပ်မှုစီမံချက်တွင် ပါဝင်လုပ်ဆောင်နေကြသည့် စိုက်ပျိုးရေးဦးစီးဌာန၊ ဟဲဟိုးအာလူးအစုအဖွဲ့၊ နောင်တရားအာလူးအစုအဖွဲ့နှင့် ကျုံး၊ ပင်းတယအာလူးအစုအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးပြီး ရှမ်းပြည်ဝန်ကြီးချုပ်မှ ရည်မှန်းထားသည့်ကာလအတွင်း စီမံချက်အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် အားပေးလမ်းညွှန်ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး