နောင်တရား ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ ထီရေးကျေးရွာ၌ ထီရွေးခေတ်မီစံပြကျေးရွာ(Smart Village) ဖွံဖြိုးရေးအတွက် မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ (၁၈)ရက် နံနက်ပိုင်းတွင် မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးဟောပြောပွဲ ကို အဆိုပါကျေးရွာ၌ ဆောင်ရွက်သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင့်ဇော်ထက်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းနိုင် က မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးဆိုင်ရာများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟော‌ ပြောခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေလင်းအောင် က မီးလေးကာကွယ်ရေး ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိဦးစီးဌာနနှင့် သက်ဆိုင်သည့် ဖွံဖြိုးရေးလုပ်ငန်းများ၊ နည်းပညာများကို အသိပညာပေးဟောပြောသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ထီရွေး ခေတ်မီစံပြကျေးရွာ(Smart Village) ကို အကောင်ထည်ဖော်ဆောင်ရွက်နေပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ်၊ ကြေးမုံသတင်းစာ၊ မြန့်မာအလင်းသတင်းစာများကို နိုင်ငံတော်ထုတ်ပြန်ချက်နှင့် ပြည်တွင်းသတင်းများ၊ စိုက်ပျိုးရေးသတင်းများကို စိုက်ပျိုးရေးတောင်သူများလေ့လာဖတ်ရူနိုင်ရန် ဖြန့်ဝေခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မီးငြိမ်းသက်ရေးသရုပ်ပြ ဆောင်ရွက်ခြင်းနှင့် အခြားသက်ဆိုင်ရာဌာနများက မိမိဌာနနှင့်သက်ဆိုင်သည့် ကဏ္ဍများအလိုက် ခေတ်မီစံပြကျေရွာ(Smart Village) ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် အတူ ပူးပေါင်းအကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး