
တာချီလိတ် စက်တင်ဘာလ ၂၄
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဝင်များ လိုက်ပါလျက် စက်တင်ဘာလ ၂၄ ရက် နံနက် ၉နာရီတွင် ခရိုင်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဝင်များ၊ ပြည်သူ့ဆေးရုံမှတာဝန်ရှိသူများ၊ ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းပိုင်ရှင်များနှင့် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ကော်မတီဝင်များနှင့် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းပိုင်းရှင်များမှ ကဏ္ဍတစ်ခုချင်း အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များအားရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းက လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး