ကျေးသီး ဇန်နဝါရီ ၉
ကျေးသီးမြို့နယ်၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(တတိယပိုင်း)အောင်
မြင်စွာကျင်းပနိုင်ရေးဟောပြောပွဲအား ဇန်နဝါရီလ၉ရက် နံနက်၉နာရီခွဲက ကျေးသီးမြို့နယ်၊ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင်မိုင်းရှူးခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များမှ ကျေးသီးမြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူများမှ ရာနှုန်းပြည့်မဲပေးနိုင်ရေး၊ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များမှ ၂၀၂၅ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး မဲရုံများသို့လာရောက်၍ ဆန္ဒမဲပေးနိုင်ရေးအတွက်ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများမှကြိုတင်၍ဆော်ဩခြင်းများ၊ မဲစာရင်းတုံကင်ပြားများကြိုတင်ဝေငှထားကြရန် မှာကြား၍ မဲပေးပုံအဆင့်ဆင့်၊ မဲဆန္ဒရှင်တစ် ဦး၏အခွင့်အရေး၊ မဲဆန္ဒရှင်တစ်ဦး၏တာဝန်အား ဗီဒီယိုကလစ် ဖြင့်ပြသ၍ ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်(မြန်မာ၊ရှမ်း၊လားဟူ)ဘာသာတို့ဖြင့်ရေးသားထားသောလက်ကမ်းစာစောင်များအားတက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များအား မိုင်းရှူးခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များမှ လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့