‎‎
ကျေးသီး ဇန်နဝါရီ ၂၄
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမြတ်ထွဋ်သည်ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊ကျေးသီးမြို့နယ်အတွင်း၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၂၄ရက် နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲတွင်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမြတ်ထွဋ်က အဖွင်အမှာစကား ပြောကြားပြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသက်နောင်ဖြူက ကျေးသီးမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စိုးမြတ်ထွဋ်ကလာမည့်ဇန်နဝါရီ၂၅ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ရပ်ကွက် ကျေးရွာရှိမဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာဆန္ဒမဲပေးနိုင်ရေးအတွက်ကျန်းမာရေး၊လုံခြုံရေး၊မီးဘေး၊ခရီးသွားလာရေး၊များကိုစနစ်တကျကြိုတင်ပြင်ဆင်ထားရှိရန်၊မဲပေးခြင်းလုပ်ငန်းများကိုဥပဒေနှင့်အညီကြီးကြပ်ဆောင်ရွက်ရန်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များလိုအပ်သည့်လမ်းညွှန်မှုများမှာကြားဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး