‎‎
ကျေးသီး ဇန်နဝါရီ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းရှူးခရိုင် ၊ ကျေးသီးမြို့နယ် ၌ ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကိုဇန်နဝါရီလ(၂၅)ရက်နံနက်၆နာရီမှစတင်ကျင်းပလျက်ရှိရာမဲရုံအသီးသီး၌မဲဆန္ဒရှင်ပြည်သူများကလွတ်လပ်စွာစနစ်တကျဆန္ဒမဲပေးလျက်ရှိရာမြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသက်နောင်ဖြူ နှင့်အဖွဲဝင်များ ၊ ဌာနဆိုင်ရာများမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများကလွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်(MEVM)တို့ကိုစနစ်တကျတပ်ဆင်ကာ နံနက်(၆)နာရီတိတိတွင်မဲရုံမှူးကမဲရုံဖွင့်လှစ်ပေးခဲ့သည်။ထို့နောက်စောင့်ဆိုင်နေသည်မဲဆန္ဒရှင်ပြည်သူများမှလွှတ်တော်အသီးသီးအတွက်လျှို့ဝှက်ဆန္ဒပြုခန်းများ၌ဆန္ဒပြုခဲ့ကြသည်။
ကျေးသီးမြို့နယ်အနေဖြင့်မြို့ပေါ်(၁၁)ရက်ကွက် နှင့်ကျေးရွာအုပ်စု(၃၂)စုတွင်မဲရုံပေါင်း(၆၀)ရုံထားရှိပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်ပြည်သူစုစုပေါင်း(၃၄၉၇၈)ဦး ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး