ကျေးသီး ဇန်နဝါရီလ ၁၀
ကျေးသီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၁၀ ရက် နံနက်(၉)နာရီ၌ မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပထမပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသက်နောင် ဖြူနှင့်ဌာနဆိုင်ရာဦးစီးမှူးအချို့ကဖဲကြိုးဖျတ်အခမ်းအနားဖြင့်ဖွင့်လှစ်ခဲ့သည်။ ထို့နောက်ဘင်ခရာ တပ်ဖွဲ့မှသရုပ်ပြခြင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့သည်။ ဒုတိယပိုင်းတွင်အ.ထ.က(ခွဲ)မိုင်းနန်းမှ ကျောင်း သားကျောင်းသူများ စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးသက်နောင်ဖြူက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မြို့နယ်အဆင့်စုံညီပွဲတော်တွင် အ.မ.က ဝမ်ခန်မှ ကိန္နရီအကနှင့်ကပြဖျော်ဖြေခြင်း၊အလှူရှင်များကိုဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် အခြေခံပညာကျောင်းများမှအက၊ အလှများတို့ဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
အဆိုပါ၂၀၂၅-၂၀၂၆ပညာသင်နှစ်မြို့နယအဆင့်ပညာရေးစုံညီပွဲတော်သို့ မြို့နယ်ပညာရေး မှူးရုံးမှဒုတိ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆုရ ကျောင်းသား /ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
