ကျိုင်းတုံ ဇူလိုင်-၁၀
၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် အဆိုပြုလွှာများအား စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ဇူလိုင်လ( ၁၀ ) ရက် နေ့လည် (၂ ) နာရီတွင် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ( ကျိုင်းတုံ )ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
၎င်းအစည်းအဝေးသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ဖွဲ့စည်းတာဝန်ပေးအပ်မည့် ကော်မတီများဖြင့် ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကော်မတီဝင်များမှ ရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး