ကျိုင်းတုံ ဒီဇင်ဘာ-၁၃
ကျိုင်းတုံမြို့ ဒီဇင်ဘာအားကစားလ (ဒုတိယ)ပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၁၃ရက် နံနက်၅ နာရီခွဲတွင် ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ဥက္ကဌ၊ ဦးတင်လင်းနှင့်ဇနီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ ဦးနိုးဝေနှင့်ဇနီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ၊ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ခွဲ/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၂၃၅၀)ဦးခန့် တက်ရောက်ပါဝင်ဆင်နွှဲခဲ့ပြီး စုပေါင်းလမ်းလျှောက်ပွဲကို ကျိုင်းတုံမြို့ ကျောက်တိုင်စုရပ်မှ မဟာမြတ်မုနိဘုရားလမ်း၊ မိုင်းခတ်လမ်းမှတဆင့် နောင်တုံကန်ပတ်လမ်းအတိုင်း မြို့မအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ရာ ၀၆၀၀ အချိန်တွင် မြို့မအားကစားကွင်းသို့ ရောက်ရှိခဲ့ပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂) တို့အား စုပေါင်းပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား ကောက်ညှင်းပေါင်း၊ အကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်း သိရှိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့မ‌ဈေးကြီးရှေ့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်၍ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ “ဒို့အတူတူမဲပေးကြမယ်” Billboard စိုက်ထူခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ၊ ဦးနိုးဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ၊ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးနှင့် ဝန်ထမ်းများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး
အခမ်းအနားတွင် ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်းနှင့် တာဝန်ရှိသူများက ”ဒို့အတူတူမဲပေးကြမယ်” Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံ့သာရေများပတ်ဖြန်းပေးခဲ့ပြီးနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ”ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များအား ပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့