ကျိုင်းတုံ နိုဝင်ဘာ-၂၀
ရှမ်းနှစ် – ၂၁၂၀ခု၊ ကောဇာသက္ကရာဇ် – ၁၃၈၇၊ ခရစ်နှစ် – ၂၀၂၅ခုနှစ် ရှမ်းတိုင်းရင်းသားများနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်မိတ်ဆုံစားပွဲကို နိုဝင်ဘာလ (၁၉) ရက် ညနေ (၅)နာရီက ရှမ်းပြည်နယ်(အရှေပိုင်း) ကျိုင်းတုံမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ရှမ်းနှစ်သစ်ကူးပွဲတော်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းသားရိုးရာယဥ်ကျေးမှုပြခန်းများအား လှည့်လည်ကြည့်ရှူ အားပေးကြကြောင်း သိရသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံအဖွဲ့က အဖွင့်သီချင်းသီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် တိုင်းရင်းသားများသည် မိမိတို့၏ အမျိုးသားနေ့များ၊ နှစ်သစ်ကူးပွဲတော်များကို နှစ်စဥ်နှစ်တိုင်း လအလိုက် အသီးသီးကျင်းပပြုလုပ်သည်ကို သိရှိရပါကြောင်း၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ကျင်းပပြု လုပ်သည့် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူး ပွဲတော်မှာ ညီနောင်တိုင်းရင်းသားများဖြစ် ကြသည့် တိုင်းလုံရှမ်း၊ ဂုံရှမ်း၊ လိရှမ်း၊ တိုင်းနေရှမ်း၊ လွယ်(ပလန့်)၊ ဗမာ၊ အာခါ၊ လားဟူ၊ “ဝ´´၊ ကချင်၊ အဲန်၊ လီဆူ၊ ပလောင်နှင့်အားခေ စသည့်ဘတိုင်းရင်းသားများ တက်ရောက်လာကြသည်ကို တွေ့မြင်ရပါကြောင်း၊ ယခုကဲ့သို့ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်တွင် မြန်မာနိုင်ငံသား ညီနောင် များကို စုံလင်စွာပေါင်းစည်းတွေ့ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များမှာ အားလုံးပူးပေါင်းပါဝင်ဆာင်ရွက်ပးကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းနှစ်သစ်ကူး ပွဲတော်အတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်အားအမှတ် တရလက်ဆောင် ပြန်လည်ပေးအပ်ကြောင်း သိရသည်။
ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းနှစ်သစ်ကူးပွဲတော်အတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်၍ ရှမ်းနှစ်သစ် ကူးပွဲတော်ကျင်းပရေးကော်မတီ နာယက ဦးစိုင်းဆမ်တစ်က ပွဲတော်ဖြစ်မြောက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းတစ်အောင်က ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂါရဝပြုလက်ဆောင်များ ပြန်လည်ပေးအပ်ပြီးတက္ကသိုလ် ဝင်တန်းအောင်ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေး အပ်ချီးမြှင့်ကြသည်။
ထို့နောက် ဧည့်သည်တော်များအား နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် မိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး တိုင်းရင်းသားရိုးရာအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး