ကျိုင်းတုံ ဒီဇင်ဘာ-၁၈
ကျိုင်းတုံမြို့၊ မြို့သစ်ရပ်၊ ကျိုင်းတုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ( ၁၈ ) ရက်နေ့၊ နံနက်( ၉ ) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့်အတူ တက်ရောက် ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ရုံးဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ ရုံးဖွင့်ပွဲအထိမ်းအမှတ်အလံအား လက်ခံရယူခြင်း၊ ကမ္ပည်းမော်ကွန်းနေရာသို့ အမွှေးနံ့သာပက်ဖျန်း ခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းနှင့် ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက်ကျိုင်းတုံမြို့၊ အမှတ် ( ၄ ) ရပ်ကွက်၊ မြို့သစ်ရပ်၊ ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ(ကျိုင်းတုံ)ရုံး၊ ဧည့်ခန်းမတွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဖြစ်သည့် ဦးသန်းစိုး နှင့် ဦးမြင့်ဦး တို့နှစ်ဦးသည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်( ၄ ) နှင့် ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ပါကြောင်းနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှလည်း လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့