ကျိုင်းတုံ ဖေဖော်ဝါရီ-၁
ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီးတွင် မျက်နှာတော်ခြင်းသစ် အခမ်းအနားကို ဖေဖော်ဝါရီ ( ၁ ) ရက် နံနက်( ၅ ) နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း နှင့် ဇနီး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် ဇနီး၊ စစ်ဘက်အရာရှိကြီးမျာနှင့် ဇနီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့မျာနှင့် အတူတက်ရောက်ခဲ့ပြီး မဟာမြတ်မုနိဘုရားကြီးအား မျက်နှာတော်သစ်ရေကပ်လှူခြင်းနှင့် ရောင်တော်ဖွင့်ခြင်း ကုသိုလ်ပြုခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး