ကျိုင်းတုံ ဖေဖော်ဝါရီ-၃
ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားတွင် လုံးတော်ပြည့်ရွှေသင်္ကန်းစတင်ကပ်လှူ ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ(၃) ရက် နံနက် ( ၉ ) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် စစ်ဘက်အရာရှိကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ဦးမင်းမင်းလွင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဗဟိုသာသနာပြုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တတေဇနိယထံမှ ငါးပါးသီလခံယူခဲ့ကြပြီး တက်ရောက်လာသူများမှ ဘုရားကြီးအားရွှေသင်္ကန်းများ စတင်ကပ်လှူပူဇော် ကုသိုလ်ယူ ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ်( အရှေ့ပိုင်း ) ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို နံနက်( ၁၀ ) နာရီတွင် ကျိုင်းတုံမြို့၊ အမှတ် ( ၃ ) ရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်မှူးချုပ်စိုးလှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ဦးမင်းမင်းလွင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ ပြည်နယ်ခွဲ/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဝင်း၊ ပြည်နယ်ပညာရေးမှူးရုံး ( ခွဲ ) ( ကျိုင်းတုံ )၊ ညွှန်ကြားရေးမှူး၊ ကျိုင်းတုံတက္ကသိုလ်၊ ပါမောက္ခချုပ်၊ Polytechnic University ( kyaing tong ) ပါမောက္ခချုပ်၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပညာရေးမှူးများ၊ နည်းပြ/ ကြီးကြပ်ဆရာ/ ဆရာမများ စုစုပေါင်းအင်အား ( ၃၀၀ ) ဦးခန့်နှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနား တွင် ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) မြို့နယ် ( ၄ ) မြို့နယ်မှ ဆရာ/ ဆရာမများမှ ” လူတိုင်းအတွက် ပညာရေး ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခြင်း၊ ရှမ်းပြည်နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ၊ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ဦးမင်းမင်းလွင် မှ အဖွင့်အမှာ စကားပြောကြားခြင်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ခဲ့သော ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ပညာရေးမှူးရုံးအား မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ခဲ့ရာ ပြည်နယ်ပညာရေးမှူး ရုံး(ခွဲ)(ကျိုင်းတုံ)၊ ညွှန်ကြားရေးမှူးမှ လက်ခံရယူခြင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် စေတနာဖြင့် လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် မြို့နယ်ကိုယ်စားပြု နည်းပြ/ ကြီးကြပ်ဆရာ/ ဆရာမများအား ဂုဏ်ပြုလက်မှတ်များအားပေးအပ်ခဲ့ရာ ကိုယ်စားလှယ် ( ၂ ) ဦးမှ လက်ခံရယူခြင်း၊ ပညာရေးဝန်ကြီး ဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဝင်း မှ ကျောင်းပပြင်ပညာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် စဉ်ဆက်ပညာရေး လုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ခဲ့သော ရှမ်းပြည်နယ်အစိုးရအဖွဲ့အား မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ ဦးဇော်လွင်ဦးမှ လက်ခံရယူ ခြင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ယူတက်ရောက်ခဲ့သည့် စာသင်သားများအား အသိအမှတ် ပြုလက်မှတ်များပေးအပ်ခဲ့ရာ စာသင်သားကိုယ်စားလှယ် ( ၂ ) ဦးမှ လက်ခံရယူခြင်း၊ စဉ်ဆက် ပညာရေးလုပ်ငန်းတွင် သင်ယူတက်ရောက်ခဲ့သည့် စာသင်သားများကိုယ်စား စာသင်သားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ် ( ၄ ) မြို့နယ်မှ ဆရာ/ ဆရာမများမှ ” အနာဂတ်မျှော်တွေး စဉ်ဆက်ပညာရေး ” သီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးမှ သီချင်းများဖြင့် ဂုဏ်ပြုသီဆိုခဲ့သော ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုငွေများပေးအပ်ခြင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် မြို့နယ် အလိုက် နည်းပြ/ ကြီးကြပ်များ၊ စာသင်သားများနှင့် တက်ရာက်လာသည့် တာဝန်ရှိသူများမှ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး