
ကျိုင်းတုံ ဇူလိုင်-၂၂
ကျိုင်းတုံမြို့၊ ကျိုင်းဖောင်းချောင်းအား သဲနှုန်းတူးဖော်ခြင်း ချောင်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ဇူလိုင်လ(၂၂ ) ရက်နေ့လည်( ၂ ) နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးတင်လင်း သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင် (၂)၊ အဖွဲ့ဝင်(၃)၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)မှ ကျိုင်းတုံမြို့ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံကာကွယ်ရေးအတွက် ချောင်းများ သဲနှုန်းတူးဖော်ခြင်း ချောင်းချဲ့ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးတင်လင်း မှ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး