
ကျိုင်းတုံ စက်တင်ဘာ-၆
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်း ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေး ပြည်နယ်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာလ (၆)ရက် နံနက် (၇)နာရီက ကျိုင်းတုံတက္ကသိုလ်ရှေ့၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်း လမ်းဘေးဝဲယာ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ရာတွင် ပြည်နယ်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံတက္ကသိုလ်မှ ဆရာ/ဆရာမများပါဝင်သော ပူးပေါင်းအဖွဲ့(၄၀၀)ဦးတို့သည် ကျိုင်းတုံတက္ကသိုလ်ရှေ့၊ လမ်းဘေးဝဲယာ သန့်ရှင်းသာယာ လှပစေရေး၊ အမှိုက်များရှင်းလင်းခြင်း၊ ယင်ပေါက်ပွားမှု မဖြစ်ပွားစေရေး ခြုံနွယ်များ ရှင်းလင်းခြင်း၊ ကျောင်းရှေ့ လမ်းဘေးဝဲယာတို့ရှိ မြက်ပင်များအား မြက်ရိတ်စက်များဖြင့် ဖြတ်တောက်ခြင်းတို့ဆောင်ရွက်ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် အမှိုက်များလိုက်လံ သိမ်းဆည်းခဲ့ခြင်းများ ဆောင်ရွက်ခြင်းကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေး ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးဆက်အောင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်၊၊
ထို့နောက် ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီးဂန္ဓကုဋီတိုက်၌ ကြေးသွန်းရွှေယပ်မားတော်ကြီးတစ်စုံ ကပ်လှူပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်၊၊
ဆက်လက်၍ ကျိုင်းတုံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များနှင့်အတူ တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး