ကျိုင်းတုံ ဩဂုတ်-၃၀
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်း ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေး ပြည်နယ်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၃၀)ရက် နံနက် (၇)နာရီက ကျိုင်းတုံတက္ကသိုလ်ကျောင်းဝန်း၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပြုလုပ်ဆောင်ရွက်ခဲ့ရာတွင် ပြည်နယ်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံတက္ကသိုလ်မှ ဆရာ/ဆရာမများပါဝင်သော ပူးပေါင်းအဖွဲ့(၄၀၀)ဦးတို့သည် ကျိုင်းတုံတက္ကသိုလ်ကျောင်းဝန်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေး၊ကျောင်းအတွင်း/အပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ ယင်ပေါက်ပွားမှု မဖြစ်ပွားစေရေး ခြုံနွယ်များ ရှင်းလင်းခြင်း၊ ကျောင်းရှေ့ လမ်းဘေးဝဲယာတို့ရှိ မြက်ပင်များအား မြက်ရိတ်စက်များဖြင့် ဖြတ်တောက်ခြင်းတို့ဆောင်ရွက်ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် အမှိုက်များလိုက်လံ သိမ်းဆည်းခဲ့ခြင်းများ ဆောင်ရွက်ခဲ့ခြင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ‌‌‌‌‌‌‌‌‌‌ဥက္ကဌ ဦးတင်လင်း သည်
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက ကြည့်ရှု့စစ်ဆေးအားပေးခဲ့ခြင်းတွင် အတူလိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး