
ကျိုင်းတုံ ဩဂုတ်-၂
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်း ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေး ပြည်နယ်-ဒု၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဩဂုတ်လ (၂)ရက် နံနက် (၇)နာရီက ကျိုင်းတုံမြို့၊ အ.ထ.က (၅) ကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ပြည်နယ်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ အ.ထ.က (၅)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများပါဝင်သော ပူးပေါင်းအဖွဲ့(၃၉၀)ဦးခန့်တို့သည် ကျိုင်းတုံမြို့အ.ထ.က (၅) ကျောင်းဝန်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေး၊ကျောင်းအတွင်း/အပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ ယင်ပေါက်ပွားမှု မဖြစ်ပွားစေရေး ခြုံနွယ်များ ရှင်းလင်းခြင်း၊ ကျောင်းရှေ့ လမ်းဘေးဝဲယာတို့ရှိ မြက်ပင်များအား မြက်ရိတ်စက်များဖြင့် ဖြတ်တောက်ခြင်းတို့ဆောင်ရွက်ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် အမှိုက်များလိုက်လံ သိမ်းဆည်းခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးတင်လင်းသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်-ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးထွဋ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှု့အားပေးခြင်းတွင် အတူလိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး