
ကျိုင်းတုံ ဩဂုတ်-၂၁
ဝစီပိတ်ဆရာတော်၏ အသည်းအစားထိုးကုသမှုအောင်မြင်ခြင်း (၁၁)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျိုင်းတုံဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအတွက် လှူဒါန်းငွေသွားရောက်ပေးအပ်ခဲ့ခြင်းအား နေ့လည်(၁၂ ) နာရီတွင် အမှတ် ( ၄ ) ရပ်ကွက်၊ လူမှုဝန်ထမ်း အသိအမှတ်ပြု ဒုတိယအဆင့် ကျိုင်းတုံဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သော ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းရှေ့)ဥက္ကဌ ဦးတင်လင်း နှင့် အဖွဲ့ဝင်များ၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေ၊ ပြည်နယ်သာသနာရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့နှင့်အတူ သွားရောက်ခဲ့ပြီး ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်း မှ ထောက်ပံ့ငွေကျပ် (၁,၁၀၀,၀၀ဝိ/-) ကျပ်အား ကျိုင်းတုံဘိုးဘွားရိပ်သာ၊ တာဝန်ခံသို့ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သိရှိရသည်၊၊
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များအတွက် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်း ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၁ ရက် နေ့လည် ၁နာရီတွင် ကျိုင်းတုံမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ၊ ပြည်နယ်ဗဟိုစာရင်းအင်းရုံးအဖွဲ့များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ တာဝန်ခံ ဒေါ်နှင်းယုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး